Skip to content

ဩဂဲနစ် ပေါ်ဆန်းဘေးကြား🌾

  • News
ဩဂဲနစ် ပေါ်ဆန်းဘေးကြား🌾
ပေါ်ဆန်းဘေးကြား သည် ပေါ်ဆန်းစပါး (၃)မျိုးထဲမှ ကျောက်တန်းဒေသရဲ့ ရေ၊ မြေ၊ ရာသီဥတု အခြေအနေနဲ့ စိုက်ပျိုးရန် အကိုက်ညီဆုံးစပါးအမျိုးအစား ဖြစ်ပါ သည်။
The Green Farm Myanmar မှ သဘာဝမြေသြဇာ ဖြင့် စိုက်ပျိုးထားသော သြဂဲနစ် ပေါ်ဆန်းဘေးကြားဆန်ကို သြဂဲနစ် စားသုံးသူများလက်ထဲသို့ မကြာမီ အရောက်ပို့ပေးပါတော့မည်။
The Green Farm Myanmar ၏ မိတ်ဆွေများခင်ဗျာ…
ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ဆန်ကို ဓါတ်မြေသြဇာနှင့်ဓါတုပိုးသတ်ဆေးကင်းစင်ကာ စားသုံးရန် စိတ်ချရပြီး ကျန်းမာရေးကို အထောက်ကူပြုသော သြဂဲနစ် စစ်စစ် ဆန်များကိုသာ စားသုံးစေချင်တာ ကျွန်တော်တို့ The Green Farm Myanmar ရဲ့စေတနာပါ။
သြဂဲနစ် စိုက်ပျိုးရေးဟာ အထွက်နှုန်းနည်းပါတယ်၊ ပိုလည်းပင်ပန်းတယ်။ ဒါပေမယ့် အခုလို ရောဂါအသစ်အဆန်းတွေထူပြောလာတဲ့အခါမှာ သြဂဲနစ် စားသုံးကုန်များဟာ ကျွန်တော်တို့ရဲ့ကိုယ်ခံစွမ်းအားကို တက်စေပြီး ရောဂါဒဏ်ခံနိုင်ရည် ပိုမိုရှိစေလို့ သြဂဲနစ် စားသုံးကုန်များ ကိုသာ ရွေးချယ် အသုံးပြုကြပါရန် တိုက်တွန်းအပ်ပါသည်။
The Green Farm Myanmar အနေဖြင့်သြဂဲနစ် ဖြစ်ပေမယ့် အတတ်နိုင်ဆုံး ဈေးနှုန်း သက်သက်သာသာဖြင့် စားသုံးသူများ အလွယ်တကူ ၀ယ်ယူနိုင်ရန် အစဉ်ကြိုးစားလျက်ရှိပါတယ်ခင်ဗျာ။🌾