Skip to content

နွယ်ခွေစိုက်ခင်း

The Green Farm Myanmar သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေစံပြကျေးရွာရှိ(၁၀)ဧကတွင် ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလခန့်မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး၊၂၀၁၇ခုနှစ်ဩဂုတ်လခန့်မှစ၍ကျောက်တန်းမြို့နယ်၊ စင်မကော်ကျေးရွာနှင့် ကျိုက္ကမော့ကျေးရွာတို့တွင်ဧက(၅၀)ကျော်ဖြင့် လုပ်ငန်းများထပ်မံတိုးချဲ့ခဲ့ပါသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူကျေးရွာအနီး ထီအုံကျေးရွာနှင့် အောင်ပန်းမြို့တို့ရှိယာမြေဧက(၅၀)ခန့်တို့တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီးမြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်ကြသည့် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းနှင့်မြန်မာနိုင်ငံအလယ်ပိုင်းမကွေးတိုင်းဒေသကြီးတို့တွင်ထပ်မံတိုးချဲ့သွားရန်ရည်မှန်းထားရှိပါသည်။