Skip to content

News & Update

Supporting people’s health by producing safe, high quality food without polluting the environment
by educating environmental conservation techniques to our neighbouring farmers.

No photo description available.

မြန်မာဩဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းကThe Green Farm Myanmar နှင့်အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် တောင်သူများကိုဩဂဲနစ် PGSအသိအမှတ်ပြုလက်မှတ်ပေးအပ်ခဲ့ကြောင်းသိရသည်။ဇန်နဝါရီလ (၈)ရက်နေ့ကရန်ကု န်တိုင်း ဒေသကြီးကျောက်တန်းမြို့နယ် စင်မကော်ကျေးရွာရှိ The Green Farm Myanmar ခန်းမတွင် ဩဂဲနစ် PGS အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့်ဩဂဲနစ်နည်းပညာဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။ The Green Farm Myanmarမှဒါရိုက်တာအဖွဲ့ဝင်ဒေါ်တင့်ရွှေစင်က”ယနေ့ရရှိတဲ့ PGSလက်မှတ်ဟာဒေသခံတောင်သူများနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်မှုရဲ့ရလဒ်လည်းဖြစ်ပါတယ်။ကျွန်မတိုကုမ္ပဏီရဲ့ဆောင်ပုဒ်ကိုကကျန်မာသန်စွမ်းသောမြေဆီလွှာ၊ကျန်မာသန်စွမ်းသောလူမူဝန်ကျင်၊ကျန်မာသန်စွမ်းသောလူမျိုးဖြစ်ပါတယ်။ဒီဆောင်ပုဒ်နဲ့အညီဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါအပြင်မိုးစပါးစိုက်ပျိုးရေးနဲ့ဩဂဲနစ်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရေးကိုဒေသခံတောင်သူများနဲ့အကျိုးတူဆောင်ရွက်ချင်းဖြင့်တောင်သူများနေ့စဉ်ဝင်ငွေပိုမိုရရှိလာပါတယ်”ဟုပြောသည်။ The Green Farm Myanmar အနေဖြင့် ဩဂဲနစ်သီးနှံများကိုပြည်သူများအလွယ်တကူဝယ်ယူစားသုံးနိုင်ခြင်းဖြင့်ကျန်းမာရေးပိုမိုကောင်းမွန်လာပြီးဓါတုဓာတ်ကြွင်းများ၏ဘေးထွက်ဆိုးကျိုးကနေကင်းလွတ်သည့်လူမူဘဝများကိုပိုင်ဆိုင်နိုင်ရန်ရည်ရွယ်ထားကြောင်းသိရသည်။ဒေါ်တင့်ရွှေစင်က”The Green Farm Myanmarရဲ့စိုက်ပျိုးထုတ်လုပ်နေမှုများကိုလာရောက်လေ့လာကြည့်ရှုနိုင်ဖို့ခရီးစဉ်တွေစီစဉ်ဖို့ လည်းရှိပါတယ်။ဒီလိုခရီးစဉ်တွေစီစဉ်​ေပးလိုက်မယ်ဆိုရင်ဒီဒေသမှာရှိတဲ့တောင်သူတွေအနေနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိလာမှာဖြစ်ပါတယ်”ဟုဆက်လက်ပြောသည်။အဆိုပါအသိအမှတ်ပြုလက် မှတ်PGS(Participatory Guarantee System)ဆိုသည်မှာစိုက်ပျိုးသူ၊စားသုံးသူ၊ရောင်းချသူပါဝင်အကဲဖြတ်ပြီးဝိုင်းကြီးချုပ် စနစ်ဖြင့်အသိအမှတ်ပြုခြင်ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီးဩဂဲနစ် PGSအသိအမှတ်ပြုလက်မှတ်ရရှိသူတောင်သူဦးမြင့်သန်းက”၂၀၁၉ခုနှစ်လောက်မှာ The Green Farm Myanmar ကနေပြီးအကျိုးတူပူးပေါင်းလုပ်ဆောင်ဖို့ လယ်သမားတွေကိုဖိတ်ခေါ်တယ်။နောက်စိုက်ပျိုးရေးနည်းပညာသင်တန်းတွေပေးတယ်။အဲမှာပူးပေါင်းဖြစ်ခဲ့တယ်။အဓိကကတော့ဩဂဲနစ်စပါးနဲ့ ဩဂဲနစ်ဟင်းသီး ဟင်းရွက်တွေကိုစိုက်တယ်။အရင်တုန်းကဓါတုမြေဩစာနဲ့စိုက်တဲ့အခါအပင်တွေပိုလှတာပေါ့။အခုတော့အဲလိုမဟုတ်ဘူးပေါ့။အရင်တုန်းကဓါတုမြေဩစာသုံးစိုက်တာကတစ်လလောက် ဆိုရင်အခုဩဂဲနစ်စိုက်ပျိုးနည်းနဲ့စိုက်တဲ့အခါနှစ်လလောက်အချိန်ပေးစိုက်ပျိုးရတယ်။စာသုံးသူတွေအန္တရာယ်ကင်းဖို့အတွက်ဩဂဲနစ်စံချိန်စံညွှန်းတွေနဲ့အညီစိုက်ပျိုးထုတ်လုပ်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အဓိကထွက်ကုန်တွေကိုတော့The Green Farm Myanmar ကနေပြီးဈေးကွက်ရှာဖွေဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်”ဟုပြောသည်။အဆိုပါအသိအမှတ်ပြူလက် မှတ်PGS ကိုThe Green Farm Myanmar နှင့်အတူ ဒေသခံတောင်သူသုံးဦးကရရှိခဲ့ပြီးလက်မှတ်ပေးအပ်ပွဲ့သို့မြန်မာဩဂဲနစ်စိုက်ပျိုးထုတ်လုက်သူများအသင်းမှတာဝန်ရှိသူများ၊စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ကိုThe Green Farm Myanmar မှတာဝန်ရှိသူများ၊ဒေသခံတောင်သူများနှင့်သတင်းမီဒီယာများတက်ရောက်ခဲ့ကြောင်းသိရသည်။

Categories