
မြန်မာဩဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းကThe Green Farm Myanmar နှင့်အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် တောင်သူများကိုဩဂဲနစ် PGSအသိအမှတ်ပြုလက်မှတ်ပေးအပ်ခဲ့ကြောင်းသိရသည်။ဇန်နဝါရီလ (၈)ရက်နေ့ကရန်ကု န်တိုင်း ဒေသကြီးကျောက်တန်းမြို့နယ် စင်မကော်ကျေးရွာရှိ The Green Farm Myanmar ခန်းမတွင် ဩဂဲနစ် PGS အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့်ဩဂဲနစ်နည်းပညာဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။ The Green Farm Myanmarမှဒါရိုက်တာအဖွဲ့ဝင်ဒေါ်တင့်ရွှေစင်က”ယနေ့ရရှိတဲ့ PGSလက်မှတ်ဟာဒေသခံတောင်သူများနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်မှုရဲ့ရလဒ်လည်းဖြစ်ပါတယ်။ကျွန်မတိုကုမ္ပဏီရဲ့ဆောင်ပုဒ်ကိုကကျန်မာသန်စွမ်းသောမြေဆီလွှာ၊ကျန်မာသန်စွမ်းသောလူမူဝန်ကျင်၊ကျန်မာသန်စွမ်းသောလူမျိုးဖြစ်ပါတယ်။ဒီဆောင်ပုဒ်နဲ့အညီဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါအပြင်မိုးစပါးစိုက်ပျိုးရေးနဲ့ဩဂဲနစ်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရေးကိုဒေသခံတောင်သူများနဲ့အကျိုးတူဆောင်ရွက်ချင်းဖြင့်တောင်သူများနေ့စဉ်ဝင်ငွေပိုမိုရရှိလာပါတယ်”ဟုပြောသည်။ The Green Farm Myanmar အနေဖြင့် ဩဂဲနစ်သီးနှံများကိုပြည်သူများအလွယ်တကူဝယ်ယူစားသုံးနိုင်ခြင်းဖြင့်ကျန်းမာရေးပိုမိုကောင်းမွန်လာပြီးဓါတုဓာတ်ကြွင်းများ၏ဘေးထွက်ဆိုးကျိုးကနေကင်းလွတ်သည့်လူမူဘဝများကိုပိုင်ဆိုင်နိုင်ရန်ရည်ရွယ်ထားကြောင်းသိရသည်။ဒေါ်တင့်ရွှေစင်က”The Green Farm Myanmarရဲ့စိုက်ပျိုးထုတ်လုပ်နေမှုများကိုလာရောက်လေ့လာကြည့်ရှုနိုင်ဖို့ခရီးစဉ်တွေစီစဉ်ဖို့ လည်းရှိပါတယ်။ဒီလိုခရီးစဉ်တွေစီစဉ်ေပးလိုက်မယ်ဆိုရင်ဒီဒေသမှာရှိတဲ့တောင်သူတွေအနေနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိလာမှာဖြစ်ပါတယ်”ဟုဆက်လက်ပြောသည်။အဆိုပါအသိအမှတ်ပြုလက် မှတ်PGS(Participatory Guarantee System)ဆိုသည်မှာစိုက်ပျိုးသူ၊စားသုံးသူ၊ရောင်းချသူပါဝင်အကဲဖြတ်ပြီးဝိုင်းကြီးချုပ် စနစ်ဖြင့်အသိအမှတ်ပြုခြင်ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီးဩဂဲနစ် PGSအသိအမှတ်ပြုလက်မှတ်ရရှိသူတောင်သူဦးမြင့်သန်းက”၂၀၁၉ခုနှစ်လောက်မှာ The Green Farm Myanmar ကနေပြီးအကျိုးတူပူးပေါင်းလုပ်ဆောင်ဖို့ လယ်သမားတွေကိုဖိတ်ခေါ်တယ်။နောက်စိုက်ပျိုးရေးနည်းပညာသင်တန်းတွေပေးတယ်။အဲမှာပူးပေါင်းဖြစ်ခဲ့တယ်။အဓိကကတော့ဩဂဲနစ်စပါးနဲ့ ဩဂဲနစ်ဟင်းသီး ဟင်းရွက်တွေကိုစိုက်တယ်။အရင်တုန်းကဓါတုမြေဩစာနဲ့စိုက်တဲ့အခါအပင်တွေပိုလှတာပေါ့။အခုတော့အဲလိုမဟုတ်ဘူးပေါ့။အရင်တုန်းကဓါတုမြေဩစာသုံးစိုက်တာကတစ်လလောက် ဆိုရင်အခုဩဂဲနစ်စိုက်ပျိုးနည်းနဲ့စိုက်တဲ့အခါနှစ်လလောက်အချိန်ပေးစိုက်ပျိုးရတယ်။စာသုံးသူတွေအန္တရာယ်ကင်းဖို့အတွက်ဩဂဲနစ်စံချိန်စံညွှန်းတွေနဲ့အညီစိုက်ပျိုးထုတ်လုပ်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အဓိကထွက်ကုန်တွေကိုတော့The Green Farm Myanmar ကနေပြီးဈေးကွက်ရှာဖွေဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်”ဟုပြောသည်။အဆိုပါအသိအမှတ်ပြူလက် မှတ်PGS ကိုThe Green Farm Myanmar နှင့်အတူ ဒေသခံတောင်သူသုံးဦးကရရှိခဲ့ပြီးလက်မှတ်ပေးအပ်ပွဲ့သို့မြန်မာဩဂဲနစ်စိုက်ပျိုးထုတ်လုက်သူများအသင်းမှတာဝန်ရှိသူများ၊စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ကိုThe Green Farm Myanmar မှတာဝန်ရှိသူများ၊ဒေသခံတောင်သူများနှင့်သတင်းမီဒီယာများတက်ရောက်ခဲ့ကြောင်းသိရသည်။


