Skip to content

News & Update

Supporting people’s health by producing safe, high quality food without polluting the environment
by educating environmental conservation techniques to our neighbouring farmers.

No photo description available.

 

The Green Farm Myanmar ကုမ္ပဏီ၏ ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်သောဩဂဲနစ်သီးနှံများကို ပြည်သူလူထုမှ လွယ်လင့်တကူ ဝယ်ယူစားသုံးခြင်းဖြင့် ကျန်းမာရေးပိုမိုကောင်းမွန်လာပြီး ဓါတုဓါတ်ကြွင်းများ၏ ဘေးထွက်ဆိုးကျိုးများမှ ကင်းလွတ်ကာ တန်ဘိုးရှိသော လူမှုဘဝများ ပိုင်ဆိုင်ရရှိနိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဆန်စပါးနှင့် ရာသီဟင်းသီးဟင်းရွက်သီးနှံ များကို စိုက်ပျိုးခဲ့ရာ (၈ရက်- ဇန်နဝါရီ- ၂၀၂၁)နေ့တွင် Myanmar Organic Growers and Producers Association ( MOGPA)၏ Organic PGS အသိအမှတ်ပြု လက်မှတ် ရရှိခဲ့ပြီဖြစ်ပါသည်။ Organic PGS လက်မှတ် ကို အရှေ့ တောင်အာရှ နိုင်ငံများနှင့် မဲခေါင် ဒေသတွင်းနိုင်ငံများမှလည်း လက်ခံအသိအမှတ်ပြု၍ ဩဂဲနစ်စိုက်ပျိုးရေး ကုန်သွယ်မှု ကဏ္ဍများတွင်၊ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။အခက်အခဲများစွာရှိခဲ့သည့် ၂၀၂၀ ခုနှစ်ကာလအတွင်းတွင် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ်ခဲ့ကြသော The Green Farm Myanmar အဖွဲ့ဝင်များ၊ ပူးပေါင်းပါဝင်ခဲ့သော ETS Co., Ltd. မိသားစုဝင်များ၊ စဉ်ဆက်မပြတ် ယုံကြည်စွာအားပေးခဲ့ကြသော မိတ်ဆွေစားသုံးသူများနှင့် ကြီးကြပ်သင်ကြားပေးခဲ့‌ သော MOGPA မှ စိုက်ပျိုးရေးပညာရှင် ဆရာကြီးဆရာမကြီးများကို အထူးကျေးဇူးတင်ရှိပါတယ်။ အနာဂတ်တွင်လည်း The Green Farm Myanmar ၏ “Healthy Soil, Healthy People, Healthy Nation”ဆောင်ပုဒ်အတိုင်း ပိုမိုကျန်းမာသန်စွမ်းသော လူမှုပါတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်ရန် တတ်နိုင်‌ သည့်ဘက်မှ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားပါမည်ဟု နှစ်သစ်ဆန္ဒပြုလိုက်ပါသည်။

Categories